The Art
Own a Rare Living Art Piece
BettaBay presents rare betta fish with a collector-grade aesthetic and a refined, premium experience.
BettaBayမှာ ရှားပါးအလှမွေး တိုက်ငါးမျိုးစိတ်များကို အနုပညာဆန်ဆန်တန်ဖိုးထား ပြသထားပါသည်။
Story
Ongoing BettaBay notes on breeding practice, fish keeping and real updates from the journey.
I bred challenging Vietnam imported FCCP betta lines by using fake nest.
ဗီယက်နမ်ကနေသွင်းထားတဲ့ FCCP တစ်စုံကို အောင်မြင်အောင် သမားရိုးကျမဟုတ်တဲ့အသိုက်တုသုံးပြီး ဖောက်ခဲ့ရပါတယ်။
I tried to breed betta fish and explain why my breeding pairs not succeed.
ကျွန်တော်ငါးသားဖောက်တဲ့အချိန်မှာ မအောင်မြင်ရတဲ့အကြောင်းလေးတွေ ပြောပြထားပါတယ်။
Explained how to breed 24k Gold HMPK betta from start to finish with series.
ရွှေရောင်တိုက်ငါးသားဖောက်နည်းကို အစ-အဆုံးပြောပြပေးထားတဲ့ စီးရီးလေးပါ။
Current Selling Betta
A quick look at currently available and recently sold betta from BettaBay.
Loading current selling betta...
Glass Tanks
A quick look at the latest tank setups currently listed at BettaBay.
Loading glass tanks...
Gallery
Order & Contact
Customer Reviews
From Telegram chats
From Telegram chats
From Telegram chats
About Us
I first discovered ornamental fish when I was around 9 years old at a fish shop in Yangon. From that moment, I became fascinated by their natural beauty and behavior, which inspired me to start exploring and raising them with great curiosity.
Among all the species, I was especially attracted to Betta fish due to their vibrant colors and highly active nature. Through breeding and raising Bettas, I gained valuable hands-on experience, and around 2019, I founded Betta Bay.
At present, Betta Bay focuses on systematically breeding high-quality Betta fish with beautiful colors and strong genetics. We are committed to providing healthy and premium-grade fish to customers who value quality and trust.
Looking ahead, we will continue striving to deliver even better services while maintaining reliability and consistent quality for our customers.
ကျွန်တော်ဟာ အသက် ၉နှစ် ဝန်းကျင်လောက်တုန်းက ရန်ကုန်မြို့ထဲမှာရှိတဲ့ အလှမွေးငါးဆိုင်တစ်ဆိုင်မှာ အလှမွေးငါးလေးတွေကိုပထမဆုံးမြင်တွေ့ခဲ့ပြီး ဒီအလှမွေးငါးလေးတွေရဲ့သဘာဝလှပမှုနဲ့ အပြုအမူများကို စိတ်ဝင်စားသဘောကျလို့ စူးစမ်းချင်စိတ်နဲ့စတင်မွေးမြူခဲ့ပါတယ်။
ဒီငါးလေးတွေထဲမှာမှ အရောင်အသွေးစုံလင်ပြီး အရမ်းကို Active ဖြစ်တဲ့ အလှမွေးတိုက်ငါး (Betta) မျိုးစိတ်ကို တော်တော်လေးသဘောကျခဲ့ပါတယ်။ ဒါကြောင့် တိုက်ငါးလေးတေွမွေးမြူ၍သားဖောက်ရာမှ အတွေ့အကြုံများရရှိခဲ့ပြီး ၂၀၁၉ ဝန်းကျင်လောက်မှာ BettaBay ကိုစတင်တည်ထောင်ခဲ့ပါတယ်။
လက်ရှိ BettaBay တွင် အရောင်အသွေးလှပ၍ မျိုးကောင်းမျိုးသန့်သော တိုက်ငါးများကို စနစ်တကျ မွေးမြူသားဖောက်ကာ အရည်အသွေးမြင့် ငါးများကို လိုအပ်သော Customer များထံသို့ ယုံကြည်စိတ်ချစွာ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။
အနာဂတ်တွင်လည်း ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများနှင့် ယုံကြည်စိတ်ချရသော အရည်အသွေးများကို ဆက်လက်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။